Opensource CMS : Joomla and Wordpress
What is CMS(Content Management System)?
World wide web နည်းပညာကြီးထွန်းကားလာတဲ့ ချိန်မှာ web ပေါ်မှာ web pages လေးတွေတည်ဆောက်ပြီး စီးပွားရေး၊လူမှုရေးနဲ့နည်းပညာတွေ ဖလှယ်ဖို့ Co-operate ကြီးတွေကစလို့ personal blog လေးတွေအဆုံး web ပေါ်တက်ရေးလာကြတယ်။ ဒီနေရာမှာ Time, Newsweek လိုမျိုး media ဆိုဒ်တွေအတွက် နေ့စဉ်တက်နေ့တဲ့ သတင်းတွေ ၊ဓာတ်ပုံတွေကို simple page တခုစီပေါ် အချိန်နဲ့ တပြေးညီတင်ပေးဖို့ရာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်လာတယ်။ ဒီပြသနာတွေဖြေရှင်းဖို့ရာ Content Management System တခုကိုမွေးဖွားလိုက်ခြင်းအားဖြင့် နေစဉ်စောင့်ကြည့်ပြုပြင်ရနေတဲ့ ပြသနာတွေကို ကင်းလွတ်သွားပြီး ၊သာမာန် စာစီစာရိုက် (Journalist, No technical ) user တယောက်အနေနဲ့တောင် သတင်းတပုဒ်တင်ဖို့ စက္ကန့်ပိုင်းလောက်ချိန်တွင်းမှာလုပ်ဆောင်လာနိုင်ပါတယ်။Content Management System ကိုအသုံးပြုပြီး web site တခုတည်ဆောက်ရာမှာ ယနေ့ နာမည်ကြီးနေတဲ့Joomla နဲ့ Wordpress (CMS) ရဲ့ အလုပ်လုပ်ပုံ ကိုလိုက်ပြီး ကိုယ့် Project အတွက် သင့်လျော်မဲ့ CMS ကိုအသုံးပြုကြရပါတယ်။ဒီနေရာ Joomla developer ကလည်း Joomla ကကောင်းတယ် Wordpress developer ကလည်း Wordpress ကကောင်းတယ်နဲ့ အသီးသီးအငြင်းပွားကြပါတယ်။ အကီနို Facebook မှာတောင် တခါ comment ရှည်ကြီးဖြစ်တဲ့ထိ ငြင်းကျဖူးတယ်။ အကီနို ကိုယ်တိုင်လည်း Wordpress ကို blog အနေနဲ့အသုံးပြုပြီး Joomla ကို အလုပ်အနေနဲ့ အသုံးပြုပါတယ်။ ဒီလိုအသုံးပြုတဲ့အခါမှာ သူတို့ရဲ့ အားသာချက် အားနည်းချက်ကလေးတွေကို သိရှိထားမယ်ဆိုရင် ကိုယ့် Project နဲ့ သင့်လျော်မဲ့ CMS ကိုရွေးချယ်နိုင်မှာပါ။

နောက်ခံသမိုင်းကြောင်း
Wordpress ကိုတော့ အဓိက စတင်သုံးစွဲခဲ့တာ Blog တွေကနေစတင်ပြီး ယနေ့အခါမှာတော့ CMS အမျိုးအစားအနေနဲ့ပါ အသုံးပြုလာကြတယ်။ Wordpress ရဲ့ အားသာချက်ကတော့ Themes တွေအရမ်းလှတယ်။ ကိုယ်တိုင်လည်း စိတ်တိုင်းကျပြုပြင်ရေးဆွဲနိုင်တယ်။Joomla ကတော့ Mambo ရဲ့ အငွေ့အသက်မကင်းဘူးလို့ဆိုနိုင်တယ်။ Mambo ရဲ့အားနည်းချက်လိုအပ်ချက်တွေကိုပြုပြင်ရင်း Joomla ဆိုတာဖြစ်လာတယ်။Joomla 1.0 ကို 2005 မှာစတင်ပွဲထုတ်ခဲ့တယ်။ ယနေ့ချိန်မှာတော့ Joomla ကို 2.5 million ကြိမ်ထက်ကျော်အောင် download ချအသုံးပြုနေကြပြီ။
Web 2.0
လွန်ခဲ့တဲ့ နှစ်အနည်းကစပြီး plug-ins က software industry တွေရဲ့လုပ်ဆောင်ချက်တွေကိုပြောင်းလာတယ်။ အကောင်းဆုံး ဥပမာပေးရရင်တော့ Morzilla firefox ပါ။
Plug–ins တွေအသုံးပြုလာတဲ့အတွက်
Developer တွေဟာ ပြုပြင်ချိန်နည်းပါလာတယ်။
ပေါ့ပေါ့ပါးပါးနဲ့လျင်လျင်မြန်မြန်အသုံးပြုလာနိုင်တယ် Joomla ရော Wordpress မှာပါ plug-ins တွေလှိုင်လှိုင်အသုံးပြုနိုင်ပါတယ်။
Wordpress မှာဆို widgets တွေကို extension အနေနဲ့သုံးနိုင်သလို Joomla ရဲ့ extension ၃မျိုးဖြစ်တဲ့ component,Plug-in,module တို့ကို အသုံးပြုနိုင်ကျမှာပါ။
Themes အနေနဲ့ကြည့်ရင် Joomla ရဲ့ themes အလုပ်တွေအားလုံးကို index.php မှာပဲစုပြီးရေးသားထားပါတယ်။ အဲဒီမှာကိုယ်သုံးတဲ့ themes အလိုက် module တွေပြောင်းလဲအသုံးပြုနိုင်ပါတယ်။
<jdoc:include type=”module” name=”top”/>
Wordpress မှာတော့ themes တခုစီတိုင်းမှာ footer.php, header.php,sidebar.php တို့နဲ့ခွဲခြားထားပြီး themes တွေအလိုက်လုပ်ဆောင်မှုပြောင်းလဲပါတယ်။
eg: wp-content\themes\..
ဒီနေရာမှာ Joomla နဲ့ wordpress မတူညီချက်ကတော့ Joomla ဟာ MVC(Module, view ,control) ကိုအသုံးပြုထားပြီး module ကိုလိုက်ပြီး visual ပြောင်းလဲပေးနိုင်ခြင်းပါ။
လိုအပ်ချက်တွေရှိအုံးမယ်ထင်ပါတယ်။ဖတ်မိသလောက်ပြန်လည်မျှဝေလိုက်ပါတယ်။ လိုတာရှိရင်လဲ ပြောပေးကြပါ။


May 24th, 2010 at 4:11 pm
Wordpress ကို သုံးနေတယ် ဆိုပေမယ့် … မသိတာသေးတာတွေ
Joomla အကြောင်း သိရတာတွေ အတွက် ကျေးဇူးပါ .. ညီမရေ …
May 25th, 2010 at 1:01 pm
May be Duplicate Sentence >>>
Themes အနေနဲ့ကြည့်ရင် Joomla ရဲ့ themes အလုပ်တွေအားလုံးကို index.php မှာပဲစုပြီးရေးသားထားပါတယ်။ အဲဒီမှာကိုယ်သုံးတဲ့ themes အလိုက် module တွေပြောင်းလဲအသုံးပြုနိုင်ပါတယ်။
Themes အနေနဲ့ကြည့်ရင် Joomla ရဲ့ themes အလုပ်တွေအားလုံးကို index.php မှာပဲစုပြီးရေးသားထားပါတယ်။ အဲဒီမှာကိုယ်သုံးတဲ့ themes အလိုက် module တွေပြောင်းလဲအသုံးပြုနိုင်ပါတယ်။
FYI >> http://www.smashingmagazine.com/2010/05/03/joomla-and-wordpress-a-matter-of-mental-models/
May 25th, 2010 at 3:01 pm
Joomla သုံးနေသူတစ်ယောက်ဆိုရင် အမဆီက ပညာလေးများလိုချင်ပါတယ်။ Joomla နဲ့ပတ်သက်တဲ့ post လေးတွေဖတ်ချင်ပါသေးတယ်အမ လေးစားစွာဖြင့်