Confidence

Confidence ဆိုတဲ့ စကားလုံးလေးက ယုံကြည့်စိတ်ချမှုရှိခြင်း မိမိကိုယ်ကို ယုံကြည်မှု၊ပိုင်နိုင်မှုရှိခြင်းလို့ဆိုလိုပါတယ်။အကီနိုတို့ မိမိကိုယ်ကိုဘယ်လောက်ယုံကြည်ထားသလဲ။ဘယ်လောက်ယုံကြည် စိတ်ချမှုရှိသလဲ စမ်းစစ်ဖူးလား။ကိစ္စတခုခုကို အများအကူအညီမပါပဲလုပ်ဆောင်ဖူးသလား။ အများအကြံတောင်းခံပြီးမှု ဆုံးဖြတ်ချက်ချတတ်လား။ ဒီလိုဆိုရင်တော့ လူတိုင်း Confidence မရှိဘူးလို့ ဆိုရမလိုဖြစ်နေပါတယ်။ အမှန်တော့ အများကိုတောင်းတဲ့ အကူအညီဟာ ကိုယ်မလုပ်နိုင်တော့ဘူးလို့သေချာနေပြီ။ ကိုယ်တယောက်ထဲဆုံးဖြတ်ဖို့ မခိုင်လုံလောက်တဲ့အနေအထားတွေ ရောက်လို့ အများအကူအညီ အများအကြံဥာဏ်တွေယူတာကို Confidence မရှိဘူးလို့မဆိုလိုပါဘူး။ လူတဦးတယောက်ဆီတိုင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုထားစေလိုပါတယ်။ ဒီကိုယ့်ခန္ဒာကိုယ် အတွက်အလုပ်လုပ်ဆောင်ပေးနေတဲ့ ကိုယ့်ကိုကိုယ်မှမယုံကြည်ရင် ဘယ်သူ့ကိုမှမယုံကြည်ရတော့ပါဘူး။ ယုံကြည်မှုမရှိတဲ့ သူတွေမှာ မျက်လုံးတွေ ဂဏာမငြိမ်တာ၊ လက်တွေ ခြေတွေလှုပ်ရှားနေတာ၊ စကားသံတွေ ထစ်ဟနေတာကို တွေ့နိုင်ပါတယ်။ အရိုးရှင်းဆုံး ဥပမာပေးရရင်တော့ Seminar တခုဆိုပါတော့ Confidence မရှိတဲ့ သူက စကားသံတိုးနေတတ်တယ်၊ ပရိသတ်ဘက်ကိုတချက်မှ မကြည့်ပဲ သူပြောချင်တာကြီးပဲပြောသွားတယ်၊ မိုက်ကိုင်တဲ့လက်တွေက မငြိမ်တတ်ဖူး ။ဒီတော့ သူ့ပြောတဲ့ Concept ကဘယ်လောက်ကောင်းကောင်း သူ့အပေါ်မှာ ပရိတ်သတ်အာရုံစူးစိုက်မှုနည်းသွားပြီး ကိုယ်ပြောချင်တဲ့ Concept ကမအောင်မြင်တော့ဖူးပေါ့။ ဒီ ဥပမာက အကီနိုတို့သင်တန်းဆင်းခါနီးက Presentation ပြိုင်ပွဲလေးလုပ်တုန်းကရတဲ့အတွေ့ကြုံပါ။ အဲဒီပွဲမှာ အကီနိုက လုပ်စရာ ကိစ္စတခုရှိနေတာကြောင့် နားထောင်သူသက်သက်ပဲလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အားလုံးရဲ့ အမူအရာ အားနည်းချက်တွေကို သတိထားမိတဲ့ အခါ အဓိကကတော့ Confidence လို့ထင်မိပါတယ်။ Confidence ရဲ့ အရေးပါပုံနောက်တခုက သူများအထင်ကြီးချင်း ခံရတာပါ။ အကီနို အလုပ် အင်တာဗျုး ၄ခုခေါ်တာ ၄ခုလုံးအောင်ပါတယ်။ ဘာကြောင့်လဲ အရည်ချင်းတွေ မိုးမွန်အောင်တော်နေတာမဟုတ်ပေမဲ့ အကီနိုမျက်လုံးထဲက ယုံကြည်စိတ်ချမှုတွေကို သဘောကျလို့ရတာပါ။ယုံကြည်ချက်ပြည့်တဲ့ အခါ ကိုယ်နေဟန်ထားလဲ အဆင်ပြေနေမယ် စကားပြောတဲ့အခါလည်း  ချောမွေ့နေမှာပါ။ ဒါကြောင့် ယုံကြည်ချက်ကို ကလေးဘ၀ထဲ ရှိလာအောင်ပြုစုပျိုးထောင်ပေးစေလိုပါ။ ကိစ္စအတိုင်းအတွက် ပန်းတိုင်ထားပါ။ ကိုယ့်လုပ်ရပ်အောင်မြင်ရင် ချီးမွန်းပါ၊ အနားယူပါ၊ ကျရှုံးခဲ့တယ် အဆင်မပြေခဲ့ဘူးဆို ကိုယ့်အမှားကိုရှာပါ ပြုပြင်ပါ နောက်တခါမမှားအောင်ကျိုးစားကြည့်ပါ။ ဒီလို ဆုပေး ဒဏ်ပေးစနစ်နဲ့ ကိုယ့်ယုံကြည်ချက်ကို တိုးမြှင်ကျပါ။့
From my point of view


| More
Thank for reading My post.Feel free for any comments.
ahkeno

This entry was posted on Wednesday, June 2nd, 2010 at 12:09 pm and is filed under About My feeling. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 Responses to “Confidence”

  1. ငြိမ်းပြည့် Says:

    မချစ်သီရိမောင် ရဲ့ တပည့်ကလေးတွေကတော့ လူချွန်လူကောင်း ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အပြည့်ရှိတဲ့ ကလေးလေးတွေ ဖြစ်လာမှာပါပဲ….
    အမ စာသင်နေတာကို တစ်ခါလောက် လာကြည့်ချင်လာပြီ… :)

  2. သိ င်္ဂါ ရ Says:

    အလုပ် အင်တာဗျူး ၄ ခု ဖြေတာ …

    ၄ ခုလုံး အောင်တာ ကိုများ ဗျာ …

    ဘာမှ ၀ယ်ကြွေးဖော် မရဘူး ။ … :P

  3. CalmHill Says:

    ဗမာစာ ပြဿနာတက်နေတာနဲ့ အခုမှပဲ မန့်လို့ရတော့တယ် Presentation ကတော့ Confidence အပြင် အလေ့အကျင့်လည်းလိုတာပဲဗျ Confidence မရှိရင်တော့ ကိုယ်ပြောတဲ့အကြောင်းကို ကိုယ်မသိသလိုဖြစ်တာကြောင့် အဆိုးဆုံးပဲ ဒါပေမယ့် Confidence ရှိသော်လည်း အလေ့အကျင့်မရှိရင်လည်း တစ်ခါတစ်ရံမှာ ပြောစရာတွေ ပျောက်ကုန်တာ ဖြစ်တတ်တာပဲ လူစိတ်ဝင်စားအောင် နားထောင်တဲ့လူ တစ်ခြားကိုစိတ်ရောက်မသွားအောင် ပြောတတ်အောင်က အလေ့အကျင့်လိုတာပဲဗျ စာသင်တာတောင် သင်တတ်တဲ့လူနဲ့ မသင်တတ်တဲ့လူ ကွာခြားတာပဲမဟုတ်လား သင်တဲ့စာကိုနားလည်တာနဲ့ လူနားလည်အောင် ပြောပြတတ်တာ မတူဘူးမဟုတ်လား။

Leave a Reply