My favorite web tools
ဒီရက်ပိုင်းအတွင်း အကီနိုလည်း personal ကိစ္စနဲ့အလုပ်များနေတာရော Iphone တလုံးရပြီး သူနဲ့အလုပ်ရှုပ်နေတာကြောင့်ရော blog ဘက်ကိုခြေဦးမလှည့်ဖြစ်ဘူးဖြစ်နေတယ်။ မနေ့ကတော့ http://www.webdesignish.com/ ကနေ Best Web Design Tools For Creating a Complete Website လေးတွေ့တာနဲ့ ပြန်လည်မျှဝေပေးခြင်လို့ ရေးလိုက်ပါတယ်။ အကီနိုတို့ web designer တွေပဲပြောပြော web developer တွေပဲပြောပြော website တခုရေးတာ နဲ့ပတ်သတ်ပြီး အသုံးပြုကြမယ်ဆိုရင် tools တွေအများအပြားသုံးကြပါတယ်။
Coding
ပထမစစချင်းကတော့ coding တွေရေးဖို့ editor တခုပါ။အကီနိုကတော့ စပြီး programmer ဖြစ်ကတည်းကနေ အခုချိန်ထိ အသုံးပြုခဲ့တဲ့ my favorite editor Notepad++ ပါ။ ရှင်းလင်းတယ် လွယ်ကူတယ်၊ပေါ့ပါးတယ် အခုချိန်ထိလည်းသုံးနေတုန်းပါ ။ လိုချင်တယ် စမ်းကြည့်ချင်တယ်ဆိုရင်တော Link:့ http://notepad-plus-plus.org/
ကျန်တဲ့ editor တွေကိုတော့ စမ်းသုံးဖူးတာလည်းရှိတယ် မသုံးဖူးတာလည်းရှိတယ် ။သူ့ဆီမှာတော့ အမျိုးအစားတော်တော်များများကို ဖော်ပြပေးထားတာတွေ့ရတယ်။အဲဒီထဲကမှ Dreamweaver ဆိုရင် beginner ဘ၀တုန်းကသုံးဖူးတယ်။ netbeans တို့ visual studio တို့ကတော့ နာမည်းကြီး အသုံးများကြပေမဲ့ ကိုးလို့ကန့်လန့် အကီနိုက လေးလို့ မကြိုက်ပါဘူး။
Designing
နောက်ထပ်တခု အကီနိုတို့ မသုံးမဖြစ် သုံးနေကြရတဲ့ image edition တွေထဲက အကီနိုအသုံးပြုတာက ဟိုးအရင်တုန်းထဲကနေ အခုထိသုံးတဲ့ Photoshop။ သူ့အထာကိုသိနေပြီး သုံးရတာလည်း ပိုမြန်တယ်လို့ထင်မိတယ်။ နောက်ပိုင်း unbuntu သုံးတော့ open source gimp ကိုလည်း စမ်းသုံးကြည့်တယ် ။အဆင်ပြေပါတယ် ဒါပေမဲ့ photoshop ကိုတော့ သုံးမြဲပဲ။ အခု iphone ထဲမှာလည်း photoshop.com mobile ကိုလည်းသုံးကြည့်နေတယ်။ online တန်းရမယ်ဆိုရင် ပြုပြင်ပြီးသားပုံတွေကို facebook နဲ့ twitpic တွေပေါ်တန်းတင်ပြီး အသုံးပြုနိုင်တယ်။ crop, rotate, filters, image and saturation adjustment စတာတွေကို အသုံးပြုနိုင်ပါတယ်။ pc မှာလောက်လုပ်ဆောင်ချက်မကောင်းပေမဲ့ phone ပေါ်က photo edition တွေထဲမှာဆိုရင်တော့ ဒီ photoshop mobile ကိုကြိုက်ပါတယ်။
နောက်ထပ်မဖြစ်မနေ အကီနိုတို့သုံးတဲ့ sever ပါ ။ အကီနို xampp sever အကြောင်းလည်းရေးထားဖူးပါတယ်။ စေတန်တို့ကလည်း mamp ကိုညွန်းဖူးကြတယ်။ အခုထိတော့ Mac မရှိသေးတဲ့အတွက် မစမ်းကြည့်ရသေးပါဘူး။ ဒါကြောင့် xampp ကိုပဲပြန်ညွန်းချင်ပါတယ်။ သူဖော်ပြထားတဲ့ အမျိုးအစားတွေကတော့
http://www.webdesignish.com/best-web-design-tools-for-creating-a-complete-website.html
အားလုံးနည်းပါစုံပြီး ကိုယ့်website ကို local မှာပဲဖြစ်ဖြစ် web ပေါ်မှာပဲဖြစ်ဖြစ်စမ်းကြည့်ချင်တယ်ဆိုရင်တော့ browser လိုလာပါပြီ။ အကီနိုရဲ့ favourite browser ကတော့ firefox ပါ။ များပြားလှတဲ့ add-on တွေ plug-in တွေ themes တွေကြားထဲက အခုထိရုန်းမထွက်နိုင်သေးပါဘူး။ ပုံမှန် website တခုကို စမ်းဖို့အတွက် designer တိုင်း developer တိုင်းရဲ့ browser တိုင်းမှာ ရှိတတ်တာကတော့ firebug ပါ။ နောက်တမျိုး အကီနိုသုံးတာကတော့ colorzilla နဲ့ fireFTP ပါ။ကျန်တဲ့ extension လေးတွေကတော့ PDF download,FoxTab,Twitterbar တို့ပါပဲ။
သူပြောထားတဲ့ tools တွေထဲကဆို ကိုယ်သုံးတာက အနည်းငယ်သော ပမာဏပဲရှိနေပေမဲ့ ကိုယ့်သုံးတာလေးတွေကို တကယ့်ဆရာကြီးတွေကလည်း သုံးကြတယ်ဆိုတော့ ပီတိဖြစ်မိပါတယ်။
Ref: http://www.webdesignish.com/best-web-design-tools-for-creating-a-complete-website.html


June 25th, 2010 at 8:08 am
XAMPP နဲ့ပါတ်သက်ပြီး အကြံပေးရမယ်ဆိုရင် ဖြစ်နိုင်ရင် အဲဒါနဲ့အကျင့်မလုပ်ပါနဲ့ Apache, MySQL, PHP တို့ကို တစ်ခုစီကိုယ်တိုင် Install လုပ်ပြီး Configure လုပ်ပါ။ အဲဒါမှသာ Setup လုပ်တဲ့ အတွေ့အကြုံရပါတယ် Development or Production Setup လုပ်ရမယ်ဆိုရင် အဲဒီ့လိုလုပ်ထားမှသာ လုပ်လို့အဆင်ပြေပါတယ် XAMPP နဲ့အဆင်မပြေပါ။
June 25th, 2010 at 8:11 am
nice feedback ..I will try
thank for comment