ကောင်းကင်ကိုမြင်ဖူးသလား
ဒီပိုစ့်လေးကိုတော့ Magazine တခုမှာပါတဲ့ စာတိုကလေးတခုကနေရတဲ့ အကီနိုရဲ့ ခံစားချက်ကလေးကိုပြန်လည်မျှဝေတာပါ။ မိဘတွေက ကိုယ်မွေးထားတဲ့ သားသမီးတွေကို သိပ်စိုးရိမ်တတ်ကြတယ်။ ဘေးဒုက္ခတွေ အန္တရာယ်တွေတွေ့မှာစိုးရိမ်ကြလို့ ဆုံးမစကားတွေ ပူပန်တာတွေ အမျိုးမျိုးနဲ့ သားသမီးတွေကို ဆုံးမတတ်ကြတယ်။ တခါတလေတော့ သူတို့တွေရဲ့ စိုးရိမ်စိတ်ကြီးမားမှုတွေဟာ ဘေးဒုက္ခတွေကို မဖြစ်အောင်တားဆီးပေးနေတာထက် သားသမီးတွေကို စဉ်းမျဉ်းကြီးတခုအောက်မှာ ရှင်သန်နေရသလို ဖြစ်စေတတ်ပါတယ်။ စာတိုလေးက အဖေနဲ့ အမေဟာ ကျွန်တော်ကို လမ်းသွားရင် ခလုတ်တိုက်မှာ ချော်လဲမှာ အနာတရဖြစ်မှာစိုးရိမ်တတ်ကြတယ် ဒါကြောင့် ကျွန်တော်လမ်းသွားတိုင်း ကျွန်တော့်ခြေထောက်တွေကိုပဲ အမြဲငုံကြည့်ခဲ့တယ်။ ကျွန်တော် တခါမှ ချော်မလဲခဲ့ဘူး၊ပြုတ်မကျဘူးဖူး၊အနာတရမဖြစ်ခဲ့ဖူးဘူး ဒါပေမဲ့ ကောင်းကင်ကြီး ဘာအရောင်မှန်းကျွန်တော်မသိခဲ့ဘူး မိုးတိမ်တိုက်တွေ ဘာအရောင်မှန်းကျွန်တော်မမြင်ဖူးခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လမ်းသွားတိုင်း အမြဲခေါင်းငုံထားခဲ့လို့ပဲ။ စာသားလေးနဲ့ပေးခြင်တဲ့ရသကို ခံစားနိုင်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ အကီနိုတို့လည်း လမ်းတွေကိုလျောက်ဖို့ စတင်ခြေလှမ်းတဲ့အခါ အကီနိုတို့ရဲ့ မိဘတွေ အုပ်ထိန်းသူတွေရဲ့ အကြံပေးမှုတွေ၊တိုက်တွန်းမှုတွေ၊အမိန့်တွေ၊တောင်းဆိုသံတွေကိုကြားဖူးကြမှာပါ။ အကီနိုတို့လျောက်ချင်တဲ့လမ်းတိုင်းကို အကီနိုတို့လျောက်လှမ်းနိုင်ခဲ့လား။ လျောက်လှမ်းနေတဲ့ လမ်းတွေမှာရော ပျော်ရွှင်နေကြသလား။ အကီနိုတခါရေးဖူးတဲ့ စာသားတွေလိုပါပဲ ။ မိဘဆိုတာဘယ်တော့မှ မကောင်းတာကိုလမ်းမညွန်ဖူး သူတို့မှားသွားခဲ့ရင်လည်း စေတနာအမှားလို့ပဲ သတ်မှတ်ပေးပါ။ တကယ်တော့ မိဘနဲ့ သားသမီးကြားမှာ နားလည်မှုရှိသင့်တယ်။ Generation gap အရ တယောက်နဲ့တယောက်အမြင်ခြင်းမတူညီနိုင်ပေမဲ့ နေရာတိုင်းမှာ မိဘကကြီးမှန်တယ် သားသမီးကကြီးမှားတယ်လို့ မယူနိုင်သလို။ မိဘတွေရဲ့အမြင်တွေဟာ ခေတ်မမှီတော့ လမ်းဟောင်းကြီးတွေလို့ မတွေးစေချင်ဘူး။ ဒီလမ်းဟောင်းကြီးတွေကို သူတို့အရင်လျောက်ဖူးလို့ ဘယ်နေရာမှာ ဆူးရှိမှန်း ဘယ်နေရာမှာ ရေကန်ရှိမှန်း သိနေနိုင်တာပါ။ ဒါကြောင့်မိဘတွေ အနေနဲ့လည်း တခါတလေတော့ သူတို့ကို ရေကန်ရှိရာသွားပါစေ။ ရေကန်ကို သူတို့ အစွမ်းအဆနဲ့ရှာဖွေနိုင်ခွင့်ကိုပေးပါ။ အကီနိုတို့ ငယ်ငယ်က စက်ဘီးစီးသင်သလိုပါပဲ။ နောက်ကနေလိုက်တွန်းပြီး ထိမ်းပေးနေလို့ကတော့ တသက်လုံးဘယ်တော့မှ တတ်မှာမဟုတ်ပါဘူး။ ချော်လဲချင်လဲပါစေ ဒူးပြဲချင်ပြဲပါစေ လွတ်ပေးလိုက်ပါ ။ ဒီလိုပါပဲ သားသမီးတွေ အနေနဲ့ကလည်း မိဘတွေပြောတိုင်း ကန့်လန့်တိုက်ဖို့၊ ခေါင်းငြိမ့်ဖို့မလိုပါဘူး။ ဘုရားသခင်က အကီနိုတို့ တယောက်ဆီတယောက်ဆီရဲ့ ခန္ဓာကိုယ်ထဲကို စဉ်းစားနိုင်တဲ့ ဦးနှောက်တခုထည့်ပေးသလို နားလည်ပေးနိုင်တဲ့ နှလုံးသားလည်းထည့်ပေးထားပါတယ်။ ဒါကြောင့် စဉ်းစားပါ ပြီးရင် ခံစားနားလည်ပေးပါ။ အကီနိုဆို ဆယ်တန်းအောင်ခါစက ကွန်ပျူတာတက္ကသိုလ်မတတ်ချင်ပါဘူး။ အီကိုတက်ပြီး Manger လုပ်ချင်တယ်လို့တွေးဖူးပါတယ်။ ဒါပေမဲ့လည်း အကီနို အမေလမ်းညွန်တဲ့ ဒီလမ်းကြောင်းမှာပျော်မွေ့ပြီး ရုန်းမထွက်ချင်တော့ပါဘူး။ ဒီလိုပါပဲ တချို့ကိစ္စတွေမှာ အကီနို အမေလက်မခံနိုင်တဲ့ အရာတွေကို အကီနိုကနားလည်အောင်ရှင်းပြပြီး အကျိုးအသင့်အကြောင်းသင့်ဆွေးနွေးပြီးမှ လျောက်လှမ်းခဲ့တာပါ။ဒါကြောင့် သင်တို့လျောက်တဲ့လမ်းတွေမှာ ကောင်းကင်ကိုမြင်ဖူးခဲ့လား၊ ဆူးခလုတ်တွေတက်နင်းဖူးသလား..
.


July 13th, 2010 at 6:09 am
အင်း မိဘ တွေ နေရာက ဆိုရင် လည်း …ဆယ်တန်းအောင် ရင် သူတို့ သိပ်ကြိုက်တဲ့ လိုင်း အစား ကလေးတွေ တစ်သက်လုံး လိုက်စားရမယ့် လိုင်းကို သူတို့ ဝါသနာ ပါတဲ့၊ သူတို့ စိတ်ချမ်းသာ မယ့် လိုင်းကို ရွေးခိုင်းတာ မျိုး … အိမ်ထောင်ဖက် ဆိုရင်လဲ သူတို့ ကြိုက်တဲ့ လူ အစား ကိုယ်တိုင်ပေါင်းရမယ့် ကလေးတွေ ဘာသာ ကြိုက်တဲ့သူ ကို ယူခိုင်းတာ မျိုး … ကို မေတ္တာ ရှေ့ ထားပြီး သတိတရ ထည့်သွင်း စဉ်းစား တိုက်တွန်း သင့်ပါ တယ်။