Archive for the ‘Opensource’ Category
Installation Ubuntu 9.10
အကီနို netbook လေးမှာ OS မပါလာတဲ့အတွက် ubuntu တင်မယ်လို့ ၀ယ်ကတည်းကတွေးမိထားတာ ကြားထဲမှာ အလုပ်များနေတာကြောင့် အခုမှပဲတင်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ တင်တယ်ဆိုတာကလည်း ကိုအိမောင်ကျေးဇူးနဲ့တင်ဖြစ်ခဲ့တာပါ။
မတင်ခင်အကီနိုကို ကိုလူပျိုကြီး ကလည်း အကြံတွေပေးခဲ့တယ်။အပြုံးကလည်း တင်ပေးမယ်ပြောတယ်(ပြီးတော့ တင်ပေးဘူး)
red linkက ကိုလှမျိုးအောင်ကလည်း ကူညီပေးခဲ့ပါတယ်။ တကယ်တန်းတင်ဖြစ်ခဲ့တာကတော့ ကိုအိမောင်ဆီရောက်မှတင်ဖြစ်ခဲ့တာပါ။
မနက် ၁၁နာရီလောက်ကတည်းက Durosoft ကိုရောက်ပြီး Ubuntuတင်ဖို့လုပ်ပါတယ်။ ပထမဆုံး အကီနို Netbook မှာ CD Driverမပါလာတာကြောင့် memory stick ကနေပဲတင်ဖြစ်ခဲ့ပါတယ်။အကီနိုအခုတင်တဲ့နည်းလမ်းကတော့ window ပေါ်ကနေ Ubuntu ကို install လုပ်တာပါ။ Stick ပေါ်ကနေ auto run နဲ့တက်လာခဲ့ရင် Wubi.exe အား Double Click နှိပ်ပါ။ ပြီးလျင် [...]

